ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာထိပ် ရှိ စစ်သားများ တပ်စွဲနေထိုင်သော နေအိမ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ ရွှေကဇောင်းကျေးရွာထိပ် ရှိ စစ်သားများ တပ်စွဲနေထိုင်သော နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက ၄၀ မမ ၂ လုံး ပစ်ခ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်တပ်က ခင်တန်းလေးကျေးရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ၎င်းတိုက်ပွဲကို ပုဝါနီစစ်ကြောင်းနှင့် ကီးကူစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကာ တော်လှန်ရေး အင်အားစုများဘက်မှ အထိခိုက် တစုံတရာ မရှိပဲ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။