စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းနိုင်ရေး အတူတကွ တော်လှန်တိုက်ခိုက်ရန် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ် – PNDF-KK က တပ်သားသစ်တွေကို ဖိတ်ခေါ်နေပါတယ်။
စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်ချေမှုန်းသွားမယ့် တပ်ဖွဲ့မှာ မျိုးဆက်သစ်လူငယ်တွေကို အလိုရှိပြီး လက်ကမ်းကြိုဆိုနေတယ်လို့လည်း PNDF-KK အဖွဲ့က တပ်သားသစ်ဖိတ်ခေါ်တဲ့ ကြေညာချက်မှာ ဆိုပါတယ်။
PNDF-KK တပ်ဖွဲ့ဟာ သမိုင်းအဆက်ဆက် ပအိုဝ်းခေါင်းဆောင်များမှ မပြီးဆုံးငေးတဲ့ အာဏာရှင်စနစ်တော်လှန်ရေးကို လက်ဆင့်ကမ်းဆက်လက်တိုက်ပွဲဝင်နေတဲ့အဖွဲ့ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့ကပြောပါတယ်။
ဒါကြောင့် တပ်ဖွဲ့ဝင်အသစ်အနေနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ချုပ်ငြိမ်းစေ၍ အမျိုးသားတန်တူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝင်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသစ်ကို တည်ဆောက်မယ် ဆိုတဲ့ PNDF- KK ရဲ့ ရည်မှန်းချက်ကို လက်ခံကျင့်သုံးရမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တပ်ဖွဲ့ဝင်အသစ်အနေနဲ့ အသက် ၁၈ နှစ်နဲ့အထက်ဖြစ်ရမှာဖြစ်ပြီး စစ်သင်တန်းပြီးမြောက်တဲ့အထိ တက်ရောက်နိုင်ရမယ်လို့လည်း PNDF- KK ကဆိုပါတယ်။
ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် – PNDF-KK တပ်ဖွဲ့ဟာ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်နီနယ်စပ်မှာ အခြေပြုပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။