ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ဒေသပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ လှုပ်ရှားမှုကို ဒီဇင်ဘာလ ၂၁ ရက် စစ်ကောင်စီတပ်သားများအနေနှင့် ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြပြီး ပြည်သူ့ရင်ခွင် ခိုဝင်လာကြရန် လှုံ့ဆော်သည့်အနေနှင့် ‘ဖက်ဆစ်တပ်ကို စွန့်ခွာကြ၊ ပြည်သူ့ရင်ခွင် ခိုလှုံကြ’ ခေါင်းစဥ်နှင့် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။