ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကြောင့် ဘေးလွတ်ရာ ကျေးရွာများသို့ ခေတ္တစစ်ဘေးရှောင်နေရသော ယာယီစစ်ဘေးရှောင် ၉၀၀ ခန့်ရှိသည့်နေရာသို့ ဆန် လေးအိတ်၊ဆီ ၁၀ ပိဿာနှင့် ငွေ ၃ သိန်းကျပ်၊ စစ်ရှောင် ၇၀ ခန့် ရှိသည့် နေရာသို့ ဆန် တစ်အိတ်နှင့် ဆီ ၅ ပိဿာ၊ မိသားစုလိုက်စုနေကြသည့်အိမ်ထောင်စု ၉ စုရှိသောနေရာသို့ ဆန်နှင့်ဆီများ၊ စစ်ရှောင် ၅၀၀ ခန့်ရှိသည့်နေရာသို့ ၂ သိန်းကျပ် ချောင်းဦးမြို့နယ်လူငယ်အင်အားစု သပိတ်ကော်မတီကူညီပံ့ပိုးခဲ့ကြောင်း သိရှိရသည်။