ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြင်လှရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကျောက်တော်မြို့နယ်၊ ပြင်လှရွာကို အကြမ်းဖက် စစ်တပ်၏ ကျောက်တော် အခြေစိုက် စကခ ၉ က ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဒေါ်လှညွှန့်ရီခထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကျောက်တော် အခြေစိုက် စကခ ၉ က လက်နက်ကြီးဖြင့် ပြင်လှရွာကို ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ ဦးအောင်စံထွန်း၏ နေအိမ်ပေါ် ကျရောက် ပေါက်ကွဲကာ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။