တောင်ကိုရီးယားနိုင်ငံ ဘူဆန်၊ဂင်မဲမြို့တွင်အဆိုတော် လင်းလင်း ရိုက်ကူးထားသော The Way musical film ပွဲ ပြုလုပ်ခဲ့ပြီး လက်မှတ်အစောင်ရေ ၄၂၀ ရောင်းချခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ပွဲတော်တွင် အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ လက်မှတ်ပါ ဂစ်တာလေလံပွဲကိုလည်း ပြုလုပ်ခဲ့ရာ ယင်းဂစ်တာကို စံချိန်တင်ဈေးအမြင့်ဆုံး ဝမ်သိန်း ၂၅၀ ( မြန်မာငွေ တန်ဖိုးခန့်မှန်း သိန်း ၆၅၀ ကျော်) ရရှိခဲ့ကြောင်း သိရှိရသည်။