ပလက်ဝမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဆမီးမြို့မ ရဲစခန်းက ရဲ ၄ ဦး ချင်းကာကွယ် ရေး တပ်ဖွဲ့ထံ လက်နက်နဲ့ တကွ အလင်းဝင်လာတယ်လို့ ပလက်ဝ ကိုယ်ပိုင် အုပ်ချုပ်သောခရိုင်ကောင်စီက မနေ့က အသိပေး ထုတ်ပြန်ပါတယ်။
ဆမီးမြို့မရဲစန်းက ရဲတပ် ကြပ် ၃ ဦးအပါအဝင် ရဲတပ်သား ၁ ဦး စုစုပေါင်း ၄ ဦးဟာ ဒီဇင် ဘာ ၁၄ ရက် နေ့မှာ CDF -Paletwa ထံကို G3 ၃ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်ဆံ ၄၈၀ တောင့်၊ 94 သေနတ် ၁လက်၊ကျည်အိမ် ၂ ခု၊ ကျည်ဆံ ၂၀၀ တောင့်ကို ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တာပါ။
ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်လာတဲ့ အဲဒီ ရဲ တပ်ဖွဲ့ဝင် ၄ ဦးကို ဂုဏ်ပြုဆုငွေပေးအပ်ခဲ့တယ်လို့ ပလက်ဝကိုယ်ပိုင် အုပ်ချုပ် သော ခရိုင်ကောင်စီက ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ အလင်းဝင် မည်ဆိုပါက လက်နက်ခဲယမ်း ပါသည်ဖြစ်စေ ၊ မပါသည်ဖြစ်စေ ၊ ဘေးကင်းလုံခြုံတဲ့ နေရာကို ပို့ဆောင်ပေးမယ်ဆိုတာနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေနဲ့ ဆုချီးမြှင့်မှုတွေ ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။