အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “ညီညွတ်မှစည်းလုံးတာ စည်းလုံးမှရန်သူရဲ့ သွေးခွဲအုပ်ချုပ်ခြင်းမှလွတ်မှာပါ၊ညီညွတ်စည်းလုံး၍ ဘုံရန်သူကိုအမြစ်ဖြတ်တော်လှန်ကြပါစို့။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။