စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ဦးဆောင်၍ ခရစ္စမတ်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၂၅) နံနက်က ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုတွင် သပိတ်ကော်မတီဝင်များက ဆားလင်းကြီးမြို့နယ် လူစည်ကားရာနှစ်နေရာ၌ ပြည်သူများသို့ ပို့စကတ်နှင့် ချောကလက်မုန့်များ လက်ဆောင်ပေးခဲ့သည်။
ထို့အပြင် “China: Stop Killing Myanmar People by Supporting Fascist Criminals” ၊ “China: Stand Together with the Oppressed People of Myanmar for Our Future” စာသားများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကိုလည်း လုပ်ဆောင်ခဲ့သည်။