စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ စစ်ဆေးရေးဂိတ်တွင် ကောလင်းမှတ်ပုံတင်ကိုင်ဆောင်ထားသည့် ခရီးသည်များနှင့် ကောလင်းသွားမည့် ကုန်တင်ကားများအား ဖြတ်သန်းသွားလာခြင်းမပြုစေပဲ နောက်ပြန်လှည့်မောင်းခိုင်းနေကြောင်း ကားဆရာများထံမှ သိရသည်။
“သူတို့က မှတ်ပုံတင်လည်းစစ်တယ်၊ ကောလင်းမှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူနဲ့ ကောလင်းသွားမဲ့ ဘယ်ကားမဆို မဖြတ်စေဘူး။ နောက်ပြန်လှည့်ခိုင်းနေတယ်။ ပြီးတော့ ကောလင်းဆိုရင်အသံကို မကြားချင်ဘူးဆိုပြီးလည်း ပြောဆိုနေတယ်။”ဟု ခရီးသွားပြည်သူတစ်ဦး ပြောသည်။
ကောလင်းမြို့သည် စစ်ကိုင်းတိုင်းတွင် ပထမဦးဆုံးအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သော ခရိုင်မြို့ဖြစ်ပြီး လက်ရှိအချိန်တွင် NUG အစိုး၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်လျှက်ရှိကြောင်း သိရသည်။