စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်-ယန်စီကုမ္ပဏီ လုပ်ကိုင်နေသည့် ကြေးနီစီမံကိန်းအနီးတွင် အားမာန်သစ် သပိတ် ကော်မတီဝင်များ ဦးဆောင်၍ စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် တရုတ်အစိုးရကို ဆန့်ကျင်ကြောင်း ယနေ့ (ဒီဇင်ဘာ ၂၅) ညနေက ဆန္ဒပြခဲ့ကြသည်။
ယင်းသပိတ်ကော်မတီဝင်တို့က “သို့ တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေ သတ်နေတာချက်ချင်းရပ်” ၊ “တရုတ်မြန်မာ အနာဂတ်အတွက် အဖိနှိပ်ခံပြည်သူများနဲ့အတူရပ်” စသည့် စာသားများကိုင်ဆောင်ပြီး တရုတ် အစိုးရအနေဖြင့် စစ်တပ်နှင့်ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေခြင်းကို ချက်ချင်း ရပ်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။