ရန်ကုန်မြို့ ပန်းဆိုးတန်း ဒလမြစ်ကူးဗောတံတား (နန်းသီတာဆိပ်ကမ်း) တွင် စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဥ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် 21 Union Eagles နှင့် Sanchaung New Generation တို့ ပူးပေါင်းပြီး “အမှန်တရားအတွက် ဒီတစ်ကြိမ်ပဲ ရဲဝံ့ပါ။ ရန်ကုန်မှာ ငါတို့ရှိတယ်” ပိုစတာ ချိတ်ဆွဲ စစ်အာဏာရှင် ဆန့်ကျင်ရေး ယနေ့ ဆန္ဒဖော်ထုတ်ကြသည်။