စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြန်ရရှိရန်အတွက် အကြမ်း ဖက်စစ်ကောင်စီ တပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း Homalin People’s Defense Force – HPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်း ပိုက်ထားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၄၀ ၊ရှမ်းနီအမျိုးသားများ တပ်မတော် – SNA နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တို့မှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ရွှေပြည်အေး မြို့အနီးတဝိုက်တွင် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက် ရှိကြောင်း သိရသည်။
“ရွှေပြည်အေးဘက်မှာ ထိတွေ့မှုကတော့ နေ့တိုင်းဖြစ်နေတယ်၊ လက်ရှိ ရွာတွေဘက်ကို လေယာဉ်နဲ့ လာချသွားတာ ဗုံးသီး အလုံး ၂၀ လောက်တော့ရှိမယ်၊ ထိခိုက်မှုကတော့ မရှိကြဘူး၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ကချသွားတာ၊ နောင်ပိုအောင်၊ ပင်ခုတ်ရွာတွေထဲ အဲလိုတွေထဲကို ချချသွားတာ၊ PDF တွေ ရှိတယ်ထင်ပြီးချချသွားတာထင်တယ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ မတိုင်ခင်ကလည်း ဗုံးလာချသွားတာ ထိခိုက်ဒဏ်ရာရတောတွေတော့ ရှိတယ်။” ဟု Homalin People’s Defense Force – HPDF တပ်ဖွဲ့ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီးနောက် အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှ မကြာခဏလာရောက် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ် ဆောင်လျက်ရှိပြီး မြေပြင် ထိတွေ့တိုက်ပွဲများလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။