ဘူးသီးတောင်မြို့နယ်မာ ဒေနိ(ဒီဇမ်ဘာ ၂၇ ရက်နိ) မိုးထပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်က ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးနန့် ပစ်ခတ်ခလို့ အလယ်တန်းကျောင်းသားချေတယောက်အပါအဝင်ဒေသခံပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာ ရလားကြောင်း သိရပါရေ။
ဒဏ်ရာရလားလူတိစွာ ဘူးသီးတောင်မြို့နယ်၊ စေတီတောင် အထက ကျောင်းမာ ကျောင်လာတက်နီရေ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ရွာ Grade (8)ကျောင်းသားမောင်ချစ်ဦး (၁၃နှစ်)၊ စေတီတောင်(မူဆလင်)ရွာက ဦးဆာလာယာ(၃၃နှစ်)၊ စေတီတောင် (ရက္ခိုင်)ရွာက ဒေါ် ငယ်မ (၄၆နှစ်)နန့် ဒေါ်အေဝိုင်ကျူ(၃၀ နှစ်)ရို့ ဖြစ်ကတ်ပါရေ။
ဒေနိ၊ မိုးထ ၉ နာရီ ၃၅ မိနစ်က ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ရွာမာ အခြီချထားရေ အကြမ်းဖက်စစ်ကောင်စီတပ်ကနီ အပါးဟပ်စပ်ရပ်ရွာတိသို့ လက်နက်ကြီးနန့် (၇) ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ဟိဟိ ပစ်ခတ်ခပါရေ။
ယင်းပိုင် ပစ်ခတ်လိုက်တေလက်နက် ကြီးကျည်စွာ စေတီတောင်ရွာ ကျောင်းဆရာဦးထွန်းလှအိမ်ရှိမာ ၁ လုံး၊ ဦးဝင်းသိန်းဇော် အိမ်နောက်မာ ၁ လုံးနန့် ယင်းရွာ၏ ချောင်းတဖက်ဟိ ရသေ့တောင်မြို့နယ်၊ ဆင်ခုန်းတိုင်ကမ်းမာ ၃ လုံး ကျရောက်ပေါက်ကွဲခပါရေ။
ကျောင်းဆရာဦးထွန်းလှအိမ်ရှိမာကျရောက်ပေါက်ကွဲခရေ လက်နက် ကြီးကျည်ကြောင့် ကျောင်းတက်ဖို့လာရေ မောင်ချစ်ဦး၏ ဘယ်ဖက်ခြီသလုံး၊ အပါးဟပ်စပ်ဟိ ဦးဆာလာယာ၏ ဘယ်ဖက်ပေါင်၊ ဒေါ်ငယ်မ လည်း ဘယ်ဖက်လက်မောင်း နန့် ဒေါ်အေဝိုင်ကျူ၏လက်မောင်း ရို့မာ ဒဏ်ရာအသီးသီးရလားပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့နိုဗမ်ဘာ ၁၃ ရက်နိက တကျော့ပြန်တိုက်ပွဲတိစတင်ပြီးနောက် ပိုင်း စစ်ကောင်စီစွာ အရပ်သားပြည်သူတိနီထိုင်ရာ မြို့ရွာတိကို လက်နက်ကြီး၊လက်နက်ချေတိ၊ စစ်သင်္ဘော၊ဒရုန်း၊ရဟတ်ယာဉ်၊ တိုက်လီယာဉ်တိနန့် ရည်ရွယ် ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်လျက်ဟိပါရေ။
ယင်းပိုင် တိုက်ခိုက်မှုတိကြောင့် ရက္ခိုင်ပြည်အနှံ့က အပြစ်မဲ့အရပ်သား ပြည်သူစုစုပေါင်း ၄၀ ကျော် အသက်ဆုံးယှုံးခရပြီး၊ ပြည်သူ ၁၀၀ ကျော် ပြင်းပြင်းထန်ထန် ဒဏ်ရာတိရထားရေလို့ သိရပါရေ။