မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုကျေးရွာတွင် လမ်းသွားလမ်းလာ ပြည်သူများကို ငွေညှစ်တောင်းခံနေသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၂၇ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ မျက်ရှုကျေးရွာ၌ အကြမ်းဖက် စစ်သား အင်အား ၂၅ ဦးခန့်ဖြင့် တပ်စွဲပြီး လမ်းသွားလမ်းလာပြည်သူများကို ခြိမ်းခြောက်ငွေညှစ်နေ သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၇ ဦး သေဆုံးပြီး ဗိုလ်အဆင့်ရှိသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရရှိသည်။