ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာက အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီးခေါင်းဆောင်ကို ကဝမြို့နယ် ပကဖ က ဖမ်းဆီးစဉ်သေဆုံးသွားတယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ရက်စွဲ နဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
သပြေညိုစစ်ဆင်ရေး (၂)အဖြစ် ဒီဇင်ဘာ ၂၆ ရက်မှာ ပျူစောထီး ခေါင်းဆောင် အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း သပြေညို စစ်ဆင်ရေး (၁) အဖြစ် အကြမ်းဖက်စစ်အုပ်စုရဲ့ အုန်းနှဲရဲစခန်း ဂိတ်ပေါက်ဝကို အဝေးထိန်း မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြည်သူလူထုကို နီးကပ်စွာ ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်ကောင်စီ နဲ့ လက်အောက်ခံ အဖွဲ့ဝင်များကို မြို့ပြစစ်ဆင်ရေးအဖြစ် ဦးတည် တိုက်ခိုက်လျှက်ရှိတယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူများမှလည်း အကြမ်းဖက်စစ်ကောင်စီ အဖွဲ့ဝင်များရဲ့ စစ်ရေးလှုပ်ရှားမှုများ၊ အုပ်ချုပ်ရေးမှူးများ၊ပျူစောထီများရဲ့ အမည် ၊ဓာတ်ပုံ၊ရုပ်သံ၊ကျူးလွန်ဆောင်ရွက်မှုများကို သတင်းပေးပို့ခြင်းဖြင့် ပါဝင်ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ်။