ဆားလင်းကြီးမြို့နယ်ရဲ့ အားမာန်သစ် လူထုတွေ ဦးဆောင်တဲ့ အားမာန်သစ် သပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ် ကျရှုံးရေး သပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြ တော်လှန်ပြည်သူတွေက “China: Stop Killing Myanmar People by Supporting Fascist Criminals” ၊ သို့….တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်နေတာ ချက်ခြင်းရပ်” စတဲ့ စာသားကိုင်ကာ အကြမ်း ဖက်စစ်အာဏာ ရှင်အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကိုနေ့ စဉ်ပြု လုပ်နေကြပါတယ်။