စစ်ကိုင်းတိုင်း ကနီမြို့နယ် လမ်းမကြီးများနှင့် ချင်းတွင်းမြစ်ကြောတလျောက်တွင် ဒေသခံတော်လှန်ပြည်သူများက အာဏာရှင်ဆန့်ကျင်ရေး စာတန်းများချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်မှု ယနေ့ (ဒီဇင်ဘာ ၃၀) နံနက်က ပြုလုပ်ခဲ့သည်။
ဒေသခံများက “ပြည်သူကို ဆပ်ကြေးကောက် တာ ချက်ချင်းရပ်”၊ “စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင် ပြည်သူ့အသံ၊ ဆန္ဒ၊ ရွေးချယ်မှု ပါရမည်”၊ “ဖက်ဒရယ်ဒီမိုကရေစီမှ တပါး ပြည်သူလိုနေတာ အခြားမရှိ” စသည့် စာတန်းများကို ချိတ်ဆွဲကာ ဆန္ဒပြခဲ့ကြသည်။