တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရသော တော်လှန်ရေးတပ်ဖွဲ့ဝင်များကို NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သွားရောက်တွေ့ဆုံပြီး အားပေး စကားပြောကြားခဲ့ကာ အမြန်ဆုံး ပြန်လည် သက်သာစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း၊ ခွန်အားဖြည့်အ စားအစာများ ဖြည့်စွက်ကျွေးမွေးရန် ဆေးရုံ တာဝန်ရှိသူများထံသို့ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။