စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်၊ ရွာသာကြီးကျေးရွာက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို အညာဂျက်ဖိုက်တာ ၃စီးနဲ့ ဗုံးသီး ၆လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရခဲ့ကြောင်း Ngwe Dwin Revolution Force က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒီဇင်ဘာ ၃၀ ရက်မှာ အညာဂျက်ဖိုက်တာ ၃စီးနဲ့ မနက် ၁၁နာရီ ၃၀မိနစ်မှာ ဗုံးသီး ၃လုံး၊ညနေ ၄နာရီ ၃၀မိနစ်မှာ ဗုံးသီး ၃လုံး နဲ့ နှစ်ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ယောက်ကို သွေးစက်လက် ဆက်တိုက်ထွက်နေတဲ့ပုံစံနဲ့ ဆွဲခေါ်သွားပြီး ၆ဦးကတော့ စာအုပ်ရောင်းသမားဘဝကို ကူးပြောင်းသွားတယ်လို ဆိုပါတယ်။
တိုက်ခိုက်မှုအပြီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ၆၀မမ နှစ်လုံး၊လက်နက်ငယ်နဲ့ ၁၀ချက်ပြန်ပစ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး MRTF၊ MMU၊ ကျားညီနောင်နဲ့ ရွာသာကြီးတိုက်နယ်( ပကဖ) တပ်ပေါင်းစုတွေနဲ့ အတူပြုလုပ်ခဲ့တာဖြစ်တယ်လို NGWE DWIN REVOLUTION FORCE က ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။