ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်စစ်မြေပြင်ကနေ ကိုးကန့်လောက်ကိုင်ဒေသခံအရပ် သားတွေနဲ့ နိုင်ငံခြားသားတွေ အမြန်ဆုံးထွက်ကြဖို့နဲ့ တရားဝင်လမ်းကြောင်းနဲ့ အိမ်ပြန်ကြဖို့ MNDAAက မနေ့က အသိပေးစာထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ဒုတိယအပတ်က စတင်ခဲ့တဲ့ တကြော့ပြန်တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူလူထုရဲ့ အသက်အန္တရာယ်တွေကို ဂရုမစိုက်ဘဲ အရပ်သားနေအိမ်တွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူလူထုအမြောက်အများ သေဆုံးခဲ့ရသလို ဒဏ်ရာရရှိခဲ့ရပါတယ်။
လက်ရှိအချိန်မှာ လောက်ကိုင်ဒေသအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့အကြွင်းအကျန်တွေနဲ့ ကိုးကန့်ရုပ်သေးအဖွဲ့တွေက ဆက်လက်ပြီးတော့ ပေကပ်ခေါင်းမာပြီး တုန့်ပြန်တိုက်ခိုက်နေတယ်လို့ မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ဆိုပါတယ်။
ဒါကြောင့် လောက်ကိုင်ဒေသအတွင်းမှာ တိုက်ပွဲတွေ၊ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ အချိန်မရွေးဖြစ်ပွားလာနိုင်ပြီး လောက်ကိုင်ဒေသအတွင်း ဆက် လက်နေထိုင်နေတဲ့ ပြည်သူလူထုတွေရဲ့ အသက်အန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံရှမ်းပြည်နယ်အထူးဒေသ(၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက ပြည်သူတို့ရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့ အတွက် အထူးဒေသအတွင်းရှိပြည်သူလူထုတွေ အနေနဲ့ လုံခြုံဘေးကင်းသည့်နေရာသို့ အမြန်ဆုံးတိမ်းရှောင်ကြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒေသအတွင်းဆက်လက်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေအနေနဲ့လည်း MNDAA ရဲ့ သက် ဆိုင်ရာဌာနထံကို လျင်မြန်စွာ လာရောက်စာရင်းပေးပို့ပြီး တရားဝင်သောလမ်းကြောင်းနဲ့ အမြန်ဆုံးအိမ်ပြန်ကြဖို့ကိုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
MNDAA အနေနဲ့ တရုတ်နိုင်ငံနဲ့အတူ ဆိုင်ဘာမှုခင်းလုပ်ငန်း (ကျားဖျင်) လုပ်ဆောင်သူတွေကို ဆက်လက် ဖမ်းဆီးသွားမယ်လို့ ထုတ်ပြန်ချက်မှာ အတည်ပြု ဖော်ပြပါတယ်။
ဒေသအတွင်းဆက်လက်နေထိုင်နေတဲ့ ဆိုင်ဘာမှုခင်း (ကျားဖျင်) လုပ်ငန်းရှင်တွေ အဖမ်းမခံရနိုင်ဘူး ဆိုတဲ့ စိတ်သဘောမျိုး မထားရှိကြဖို့နဲ့ မိမိအသိစိတ်နဲ့ မိမိနိုင်ငံကို အမြန်ဆုံးပြန်ရောက်ပြီး အပြစ်ဝန်ခံကြရန် တိုက်တွန်းအပ်ပါသည်။ အနေဖြင့် ရောက်ပြီး ပြစ်မှုဝန်ခံကြဖို့ကိုလည်း MNDAAက သတိပေးတိုက်တွန်းထားပါတယ်။