ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း – ရေဦး PDF ၏ ၂ နှစ်ပြည့် အခမ်းအနားကို မြေပြင်အခြေအနေအမျိုးမျိုးကြောင့် ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အခက်အခဲကြားမှ ရွှေဘိုခရိုင်တွင်း မြေပြင်တစ်နေရာတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကို အလေးပြုခြင်းဖြင့် စတင်ခဲ့ကြပြီး တပ်ရင်းမှ အသက်ပေးလှူခဲ့ကြသော ရဲဘော်များနှင့်အတူ စစ်အာဏာရှင်တော်လှန်ရေးအတွင်း အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများကို ၁ မိနစ်ငြိမ်သက် အလေးပြုခြင်း ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌ ၊ ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ၊ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူး တို့မှ အမှတ်တရ အားပေးဂုဏ်ပြုစကားများပြောကြားပေးခဲ့ကြကြောင်း၊ ရဲဘော်ရဲဘက်များ အချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန် ရိုးရာအားကစားနည်းများဖြင့် ပြိုင်ပွဲများကျင်းပခဲ့ပြီး အခမ်းအနားအားကျင်းပခဲ့ကြောင်း သိရှိရသည်။