ပဲခူးတိုင်း၊ နတ်သံကွင်းမြို့ကို KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်၊ (PDF )ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂) စစ်ဒေသခွဲ၊ကွပ်ကဲရေးအဖွဲ့နဲ့အတူ မဟာမိတ်တပ်ပေါင်းစုမှ ထိန်း ချုပ်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ တောင်ပိုင်းတိုင်း -အထူးကွန် မန်ဒို တပ် ရင်း ရိုးမ စစ်ကြောင်း (၂) က ဒီနေ့ ရက်စွဲနဲ့ အသိပေးစာ ထုတ်ပြန် ထားပါတယ်။
ဒီဇင်ဘာ ၃၀ ရက် ၊ ညနေ ၄ နာရီ မိနစ် ၃၀ အချိန်မှာ ကျောက်တံခါး မြို့နယ်၊ သဲဖြူရွာ နဲ့ သဲကောရွာကြားမှာရှိတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ စစ်ကူအဖွဲ့အား ရိုးမ စစ်ကြောင်း (၂)မှ စနိုက်ဘာ ၁ချက် ပစ်ခတ် ခဲ့ရာ ရန်သူ တပ်သား ၁ ဦးသေဆုံး ခဲ့ရ တယ်လို့ပြောပါတယ်။
ဒီဇင်ဘာ ၂၉ ရက်၊နေ့လည် ၁၁ နာရီ၊မိနစ် ၃၀ အချိန်မှာ ရန်သူ တပ်ဖွဲ့ ရဲ့ စစ်ကူအဖွဲ့အား ရိုးမ စစ်ကြောင်း (၂) မှ စနိုက်ဘာဖြင့် ၂ ချက်ပစ် ခတ်ခဲ့ရာ၊ အကြမ်းဖက် တပ်သား ၁ ဦးသေပြီး၊ ၁ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့တယ်လို့ ဆိုပါတယ်။
နတ်သံကွင်းမြို့ကို ဒီဇင်ဘာ ၂၆ ရက်၊ မနက် ၄ နာရီအချိန်ခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်ခဲ့ပြီ၊ တော်လှန်ရေးပူးပေါင်းအဖွဲ့မှ နယ်မြေရှင်းလင်းရေးအ ဖြစ် လိုက်လံဆောင်ရွက်နေဆဲဖြစ်တယ်လို့ ကေအဲန်ယူ- ကရင် အမျိုးသားအစည်းအရုံး တပ်မဟာ(၃) မှ ထုတ်ပြန်ထားပါတယ်။