ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) ဒူးပလာ ယာခရိုင် ဝင်းရေးမြို့နယ်ရဲ့ ပြည်ပရောက် ကရင်လူငယ်အစည်း အရုံးက ၂၀၂၄ နှစ်သစ်ကူး ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဒီနေ့မှာ ထိုင်းနိုင်ငံမှာ ပြုလုပ် ခဲ့တယ် လို့ Karen Youth Organization- KYO က ထုတ်ပြန်ပါတယ်။
ဒူးပလာယာခရိုင် ပြည်ပရောက် ဝင်းရေးမြို့နယ် ကရင်လူငယ်အစည်းအရုံးက ဦးဆောင်ပြီး၊ ကရင်၊မွန်၊ဗမာ၊အစ္စလာမ်၊ဟိန္ဒူ၊ ထားဝယ် လူမျိုးပေါင်းစုံပါဝင်တဲ့ နှစ်သစ်ကူးဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံ၊နန်းခပထွန့်ခရိုင်၊နန့်ခါပထွန်းမြို့နယ် ၊ဝပ်ပလင်းတယ့် ကျောင်းဘောလုံးကွင်းတွင် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဘောလုံပွဲက ရရှိလာမယ့် ရန်ပုံငွေတွေကို ပြည်တွင်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေ နဲ့ စစ်ရှောင်ကလေးငယ်တွေရဲ့ ပညာရေး အတွက် ပြန်လည်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။