အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက “နှစ်သစ်ကိုလည်းကြို၊ဖက်ဆစ်ကိုလည်းဖြိုမယ်၊နှစ်ဟောင်းက ပေးဆပ်ထားခြင်း တွေနဲ့အတူ နှစ်သစ်မှာအဆုံးသတ်အနိုင်ယူကြဖို့၊ဒီထက်ပို၍စည်းလုံးညီညွတ်ကြပါစို့။” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။