ရန်ကုန်မြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများ အဖွဲ့ချုပ်) All Burma Federation of Student Unions၊ မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီနှင့် တာမွေသပိတ်ကော်မတီ Tamwe Strike Committee တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂ ရက်နေ့၌ ရန်ကုန်မြို့နေရာအနှံပြားတွင် “နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါ စတစ်ကာများကို ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။