လက်ပံတောင်းတောင်ဒေသ သပိတ်စစ်ကြောင်းက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို လူထုနိုင်ငံရေးတရား ဟောပြောပွဲကို ဇန်နဝါရီ ၃ ရက်ေန့တွင် ပြုလုပ်ခဲ့ကြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ချီတက်ရာတွင် “ စစ်မှန်သော လွတ်လပ်မှုအတွက် မဆုတ်မနစ်တိုက်ပွဲဝင်ကြ ” စာသားကို ကိုင်စွဲကာ “လွတ်လပ်ခြင်းတွေရှင်သန်ဖို့ အာဏာရှင်ကို တော်လှန်စို့” ကြွေးကြော်သံများ ဟစ်ကြွေးပြီးကျောင်းသားပြည်သူများနှင့် အတူ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ချီတက်ခဲ့ကြသည်။