စစ်တပ်အာဏာသိမ်းချိန်က ဖမ်းဆီးထားတဲ့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို ဒီနေ့ လွတ်လပ်ရေးနေ့ လွတ်ငြိမ်းမှာ စစ်ကောင်စီက လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။
ဒေါက်တာရဲလွင် လွတ်ငြိမ်းမှာပါဝင်လာတာကို မိသားစုနဲ့နီးစပ်သူတစ်ဦးကလည်းအတည်ပြုပေးပါတယ်။
” ဒီတစ်ခေါက် ဆရာရဲပါလာပါပြီ”လို့ မိသားစုနဲ့နီးစပ်သူတဲ့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။
ဒေါက်တာရဲလွင်ကို စစ်ကောင်စီဟာ CDM မှာ ပါဝင်အောင် လှုံဆော်တယ်ဆိုပြီး ၅၀၅ (ခ) နဲ့ထောင် ၂ နှစ်ချခဲ့တာပါ။
အဲဒီအမှုနဲ့ လွတ်ရက်စေ့ခါနီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှု နဲ့စွပ်စွဲပြီး အမှုထပ်ကပ်ကာ ထောင် ၂ နှစ်ထပ်ချခဲ့ပါတယ်။
မန္တလေး အိုးဘိုထောင်မှာ ဒေါက်တာရဲလွင်နဲ့အဆောင်တစ်ဆောင်တည်း နေထိုင်ရတဲ့ မန္တလေးဝန်ကြီးချုပ်လည်းဖြစ် ၊ NLD ပါတီဒုဥက္ကဋ္ဌ လည်းဖြစ်သူ ဒေါက်တာဇော်မြင့်မောင်ကိုတော့ စစ်ကောင်စီက ပြန်မလွှတ်ပေးပါဘူး။