ဒေနိ (ဂျနဝါရီ ၄ရက်နိ) မိုးထပိုင်းက မောင်တောမြို့နယ်မာ အကြမ်း ဖက်စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီး ယမ်းကားပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်အရွယ်ကလေ့မေချေ ၃ ယောက်အပါအဝင် ဒေသခံပြည်သူ ၄ ယောက် ဒဏ်ရာရလားရေလို့ သိရပါရေ။
ဒဏ်ရာရလားရေလူတိစွာ မောင်တောမြို့နယ်၊ တပ်ဦးချောင်းအုပ်စု၊ ကံသာယာ(အထက်)ရွာက မနုနုဝေ(၁၁နှစ်)၊ မဝါဆိုမိုး(၁၁နှစ်)၊ မမိုးစံပယ်(၁၃နှစ်)နန့် ဦးကောင်းလှညို(၇၈နှစ်) ရို့ဖြစ်ပါရေ။
ဒေနိမိုးထ ၁၀ နာရီ၊မိနစ် ၄၀ မာ မောင်တောအခြီစိုက်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နခခ(၅) တပ်ရင်းနန့် (၆) မိုင်တပ်စခန်းကနီ အရပ်သားပြည်သူတိနီထိုင်ရာ ရပ်ရွာရို့သို့ ဦးတည်ပြီးကေ လက်နက် ကြီးတိနန့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်ခပါရေ။
ယင်းလက်နက်ကြီးကျည်တိထဲက ၃ လုံးစွာ ကံသာယာ(အထက်)ရွာက ဦးကောင်းလှညို၏ အိမ်မာ ၁ လုံးနန့် ရွာလမ်းမဘေးမာ ၂ လုံးကျရောက်ပေါက်ကွဲရေလို့ ရွာသားတိက ပြောပါရေ။
ယင်းလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဦးကောင်းလှညို၏ ညာဖက်တင်သား ဒဏ်ရာရလားခရေပိုင်၊ လမ်းမထက်မာလားနီကတ်တေ မနုနုဝေ၊ မဝါဆိုမိုး၊ မမိုးစံပယ် ရို့မာလည်း ဒဏ်ရာရလားရေလို့ ဆိုပါရေ။
ယင်းအပြင် ဦးကောင်းလှညို၏ နီအိမ်အပါအဝင် အပါးဟပ်စပ်က အိမ်တချို့လည်း ထိခိုက်ပျက်စီးခရရေလို့ သိရပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော်AAနန့် စစ်ကောင်စီတပ်ရို့ တကျော့ပြန်တိုက်ပွဲတိစတင်ခပြီးနောက်ပိုင်း စစ်ကောင်စီစွာ အပြစ်မဲ့အရပ်သား ပြည်သူတိနီထိုင်ရေ မြို့ရွာတိကိုလက်နက်ကြီး၊ လက်နက်ချေတိ၊ စစ် သင်္ဘော၊ ဒရုန်း၊ ရဟတ်ယာဉ်၊ တိုက်လီယာဉ်တိနန့် ရည်ရွယ်ချက်ဟိဟိ နိစဉ်နိတိုင်း ယမ်းကား ပစ်ခတ်တိုက်ခိုက်လို့ဟိနီပါရေ။