ရွှေဘိုမြို့နယ်ဘက်ခြမ်းရှိ စစ်ရှောင်ကလေးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် “ကံစမ်းရင်းလှူ လှူရင်း ကံစမ်းကြသူများ” မှ ပညာဒါန အလှူငွေများဖြင့် ဒီပဲယင်းမြို့နယ်ညီနောင်များက စာသင်ခုံ ၈ စုံ ပေးအပ်ကူညီခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဒီပဲယင်းမြို့နယ်ညီနောင်များက ပြည်သူများထောက်ပံ့ကူညီငွေများဖြင့် ရေရှည်စစ်ရှောင် ၄၇ အိမ်ထောင်စုကို ဆန် ၁၇ တင်း၊ ဆီ ၂၃ ပိဿာကို တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သားစီဖြင့် မျှဝေကူညီခဲ့ကြကြောင်း၊ ဝပါကျေးရွာ မီးဘေးသင့် အိမ်ထောင်စု ၈ စုကိုလည်း တစ်အိမ်ထောင်စု ဆန် ၂ ပြည် ငွေတစ်သောင်းကျပ်စီ မျှဝေကူညီခဲ့ကြောင်း၊ မွေးနေ့ရှင် MD ၏ မွေးနေ့အထိမ်းအမှတ် ထမင်းတစ်နပ်စာကိုလည်း ထောက်ပံ့ကူညီမှုဖြင့် ဒီပဲယင်းမြို့နယ်ညီနောင်များမှ အလှူရှင်ကိုယ်စား ကျွေးမွေး ကူညီခဲ့ကြောင်း သိရှိရသည်။