စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တန့်ဆည်မြို့နယ်၊ စိန်းနန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အထက်တန်းကျောင်း တဝိုက်ကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေ ပြည်သူများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။
” ပြည်သူတွေ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ ကနဦး သတင်းတွေအရ သေဆုံးသူ ၄ ဦးလို့လည်း ကြားတယ်။ ၈ ဦးလို့လည်း ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။