၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်သည့် ရက်ပေါင်း (၇၁)ရက်တာကာလအတွင်း စစ်ကောင်စီ၏ရာချီသော စခန်းများနှင့် မြို့ကြီးအချို့တို့ကို သိမ်းပိုက်ရယူထားပြီး တစ်ပြိုင် နက်တည်းတွင် စစ်ရှုံးကာ စွန့်လွှတ်လိုက်ရသောစခန်းများထဲမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့၏မိခင်အဖွဲ့အစည်းထံ မရောက်ဘဲ ပုံစံအမျိုးမျိုးဖြင့် နေရာအမျိုးမျိုးတွင် ထွက်ပြေးလွတ်မြောက်နေကြဆဲဖြစ် ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က အသိ ပေးထုတ်ပြန်သည်။
ညီနောင်သုံးဖွဲ့၏ ယနေ့(ဇန်နဝါရီ ၅)မွန်းလွဲ ၁၂ နာရီ ၄၀ ထုတ်ပြန်ချက်အရ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သားအချို့သည် မိမိတို့ဒေသအတွင်းရှိ ရပ်ရွာများအနီးတွင်လည်းကောင်း၊ မိမိတို့သိမ်းပိုက်ထားသော စခန်းအနီးအနားပတ်ဝန်းကျင်များ၌လည်းကောင်း၊ သံလွင်မြစ်ကြောတစ် လျှောက်တွင်လည်းကောင်း အစုလိုက်စုဖွဲ့သည့်ပုံစံမျိုးဖြင့် ပြန့်ကျဲစွာရှိနေကြသည်မှာ ပြည်သူလူထုများနှင့် မိမိတို့တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်ကြီးစွာ ရှိလှသည်ဟု ဖော် ပြသည်။
အလားတူ အခြားတစ်ဘက်တွင် စစ်ကောင် စီ၏ လက်ဝေခံ ပြည်သူ့စစ်အချို့၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အွန်လိုင်းလောင်းကစား (ကျဖျင့်)လိမ်လည်သူများ၊ စစ်ကောင်စီ၏ အကာအကွယ်ကိုယူပြီး လုပ်စားနေကြသော မူးယစ်ဆေးဝါးရောင်းဝယ်သူများသည် ထွက် ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့်အတူ ပန်လုံ၊ ဟိုပန်၊ တာကော်အတ်၊ မန့်မန်းဆိုင်နှင့် မော်ဖဒေသများတွင် အတူထွက်ပြေးတိမ်းရှောင်နေသည့် အပြင် လက်နက်၊ စစ်အင်အားဖြည့်တင်းခြင်းတို့ကိုပါ လုပ်နေကြောင်း သိရှိရသည်ဟု ဆိုသည်။
ထို့ကြောင့် ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် အွန်လိုင်းလောင်းကစား (ကျဖျင့်)လိမ်လည်သူများကို အကာအကွယ် ထပ်မံပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ လူထုအတွက် အန္တရာယ်ကောင်ဖြစ်သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးရောင်းဝယ်နေကြသူများ ခိုအောင်းနေသည့်နေရာမျာသို့ လိုက်လံဖမ်းဆီးခြင်းနှင့် နယ်မြေ ရှင်းလင်းခြင်း လုပ်ငန်းများကို ထပ်မံလုပ် ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြို့ မြို့ပေါင်း၁၂ မြို့ ၊စစ်စခန်း ၂၅၀ ကျော် ၊နယ်စပ်ကုန်သွယ်ရေး ဂိတ်ကို တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ်ထားသည်။
ထို့အပြင် မူဆယ် ၊ကွတ်ခိုင်၊ကျောက်မဲ ၊လားရှိုး ၊သိန္နီ၊ဟိြပန် စသော မြို့နယ်များတွင်လည်း စစ်တပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။