ဂျန်နဝါရီ ၅ ရက်နိ ညဇာမာ စစ်တွေမြို့အခြီစိုက် အမှတ် (၁၂) ရဲတပ်ရင်းက ပစ်လိုက်တေ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့အမြင့်ကျွန်းတန်းထားထိပ်ဟိ ကနန်းဒိုင်က အစောင့်တယောက် ဂွင်ချင်း သီဆုံးလားခ ကြောင်းသိရပါရေ။
လက်နက်ကြီးကျလို့သီဆုံးလားရေလူစွာ မြန်မာပြည်၊ ရန်ကုန်မြို့၊ တာမွေမြို့နယ်က ဗမာအမျိုးသား ဦးမောင်စိုး လို့ ကနဦး သိရပါရေ။
ဂျန်နဝါရီ ၅ ရက်နိ၊ ညဇာ ၅ နာရီခွဲလောက်မာ စစ်တွေအခြီစိုက် အကြမ်းဖက်စစ်ကောင်စီတပ် လက်အောက်ခံ အမှတ်(၁၂) ရဲတပ်ရင်းက ယမ်းကားပစ်လိုက်တေ လက်နက်ကြီးကျည်တိအနက်က ကျည်တလုံးစွာ အမြင့်ကျွန်းတန်းထားထိပ် ကနန်းဒိုင်မာ ကျရောက် ပေါက်ကွဲပနာ ယင်းကနန်းဒိုင်မာ အစောင့်လုပ်နီရေ ဦးမောင်စိုးကို ကျည်စထိမှန်ပြီးကေ နီရာမာပင်သီဆုံးလားခရရေလို့ ဒေသခံတိက ပြောပါရေ။
ညဇာက တရက်တည်း၊ တချိန်တည်းမာပင် ယင်း အမှတ် (၁၂)ရဲတပ်ရင်းက ပစ်လိုက်တေ လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲလို့ ပေါက်တောမြို့နယ်၊တောင်းဖူးရွာက အမျိုးသမီး ၂ ယောက်လည်း ဒဏ်ရာရခပါသိမ့်ရေ။
ရက္ခိုင်ပြည်မာ တကျော့ပြန်တိုက်ပွဲစတင်ခရေ၂၀၂၃ ခုနှစ်၊ နိုဗမ်ဘာ ၁၃ ရက်နိကနီ ဒေနိအထိ ၂ လကျော်ကာလအတွင်း အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ ယမ်းကားပစ်ခတ်မှုကြောင့် အပြစ်မဲ့အာရက္ခပြည်သူ ၆၀ နီးပါးသီဆုံးခရပြီးကေ ထိခိုက်ဒဏ်ရာရလူ ၂၀၀ နီးပါးအထိ ဟိလာနီပါရေ။