စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားရဲစခန်းကို ဒရုန်း၊လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံတောင်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၅ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ ခန့်က အကြမ်းဖက်စစ်သား၊ ရဲ အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထား သော ရှိန်းမကားစံပြကျေးရွာရှိ ရဲကင်းစခန်းအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး၊ လက်လုပ် ၆၀ မမ ၁၅ လုံး အပါအဝင် စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒရုန်းနဲ့ ကျနော်အဖွဲ့က 4kg တစ်လုံးချတယ်၊ မဟာမိတ်အဖွဲ့က ၃ လုံးချတယ်၊ ပြီးတော့ စနိုက်ပါနဲ့ က ၃ ချက်ပစ်ခဲ့တယ်၊ သူတို့ဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တော်တော်များများ ပြန်ပစ်တယ်၊ သေနိုင်တဲ့တစ်ယောက်က သေသွားပါတယ်၊ ကျန်တဲ့ ၂ ဦးဒဏ်ရာအပြင်းအထန်ရတယ် လို့ သိရတယ်၊ သူတို့က ရဲစခန်းကုန်းပေါ်မှာပဲနေတော့၊ ကျနော်တို့တပ်ဖွဲ့တွေက ဘေးပတ်ပတ်လည် တွေက ဝိုင်းပိတ်ထားပြီးပြီ” ဟု ပြည်သူ့အစေခံတောင်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၂ ပြည်သူ့အစေခံတော်လှန်ရေးတပ်ဦး၊ ရွှေဘိုခရိုင်တပ် ရင်း ၁၇ ၊စိန်ပန်းနီနီ မတ္တရာမြို့နယ် ပကဖ၊ ရှိန်းမကားတိုက်နယ်ပကဖနှင့် ကျေးရွာပကဖများပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြေင်း သိရသည်။