ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို ကချင် လွတ်လပ်ရေး တပ်မတော်(KIA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KIAက အသိပေးသည်။
ဝိုင်းမော် တာလော့ကျေးရွာရှိ သားငယ် ဦးဆောင်သည့် ပြည်သူ့စစ်စခန်းကို ဇန်နဝါရီ ၅ရက် နံနက် ၈နာရီခွဲအချိန်တွင် KIAက သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
တိုက်ခိုက်ရာတွင် ပြည်သူ့စစ်တပ်သား ၇ဦးနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ဟု ဆိုသည်။
စစ်သုံ့ပန်းများကိုဥပဒေနှင့် အညီကောင်းမွန်စွာထားရှိကြောင်းလည်း အသိပေးထားသည်။
၂၀၂၃ ဒီဇင်ဘာ၁၅ရက်ကလည်း တာလောကျေးရွာနှင့် ဘော်ဆာဒီးကျေးရွာတို့ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းနှစ်ခုကို KIA က သိမ်းပိုက်ခဲ့သည်။