ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဥ်အတွင်း တော်လှန်လူငယ်များက ဦးဆောင်ကာ “အညံ့ခံမလား အသေခံမလား” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို ယနေ့ (ဇန်နဝါရီ ၇) နံနက်က ပြုလုပ်ခဲ့သည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုကို Mayangone Democratic Front (MDF) နှင့် Kyimyindaing Networks (KMD18) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။