တနင်္သာရီတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသရှိ PDF အထူး စစ်ဆင်ရေးတပ်ဖွဲ့မှ မွမ်းမံသင်တန်းဆင်းရဲဘော်များကို လက်နက် တပ်ဆင် အခမ်းအနားပြုလုပ်ကြောင်း သိရှိရသည်။
လက်နက်တပ်ဆင် အခမ်းအနားသို့ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဒု-စစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာ တက်ရောက် ခဲ့ပြီး အမျိုးသား ညီညွတ် ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တိုင်းစစ်ဌာန(တနင်္သာရီ) အတွင်း စစ်ဆင်ရေး ရည် မှန်းချက်များနှင့် နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ကာလ အတွင်း အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် စိတ်ဓာတ်မာကျောစွာ တိုက်ပွဲဝင် နေကြသော ရဲဘော်များ၏ ရဲစွမ်းသတ္တိကို ချီးမွမ်းဂုဏ်ပြု စကား ပြော ကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် PDF သင်တန်းဆင်းရဲဘော်များကိုယ်စား တပ်ရင်းတာဝန်ရှိသူများက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားအစီအစဉ်အား အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ကြောင်း သိရှိရသည်။