ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ မိုင်းယော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၄ ဦး သေ ဆုံးကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၃၅ မိနစ်အချိန် လားရှိုးမြို့နယ် မိုင်းယော် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ Jet Fighter များက လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲ ချရာ လူနေအိမ်ပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပြည်သူ အမျိုးသမီး (၄)ဦး ကျည်စထိမှန် သေဆုံးခဲ့ပြီး၊ လူနေအိမ် (၂၀)လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
အလားတူ နမ့်ဆန်မြိုနယ် မြိုသစ်ကျေးရွာတွင် ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သဖြင့် ကျောင်းဆရာ၊ ဆရာမ (၅)ဦးသေဆုံးခဲ့ပြီး ပြည်သူ ၆ ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း၊ စာသင် ကျောင်းနှင့် လူနေအိမ် ၇ လုံးလည်း ကျည်စထိမှန် ပျက်စီးခဲ့ရကြောင်း သိရှိရသည်။