အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်း ၂ ရင်းအသုံးပြုဖို့အတွက် လိုအပ်နေတဲ့ ကား ၂ စီး ဝယ်ယူနိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် သက်ဆိုင်ရာတာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော် စစ်တိုင်းဌာနမှ စစ်တောင်းမြို့ပြပြောက်ကျားနဲ့ တပ်ရင်း(၈၀၅) တိုရဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ လိုအပ်နေတဲ့ ကား(၂)စီးဝယ်ယူနိုင်ရေးအတွက်”ရင်း(၂)ရင်း ကား(၂)စီး သိန်း(၁၀၀၀)” ကမ်ပိန်းကို ပြုလုပ်နေတာဖြစ်ပါတယ်။
အရင်က တပ်ရင်းတွေမှာ ကား ၂စီးရှိပေမယ့် တစ်စီးက စုတ်ပြတ်နေပြီဖြစ်ပြီး တစ်စီးက စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။
“ပူးပေါင်းစစ်ဆင်ရေးတွေမှာ အထွေထွေ အသုံးပြုဖို့လိုအပ်နေတဲ့ ကားတစ်စီးဝယ်ယူနိုင်ဖို့အတွက် တော်လှန်ပြည်သူများက ဝိုင်းဝန်းကူညီကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်။”လို့ စစ်တောင်းမြို့ပြပြောက်ကျားခေါင်းဆောင် ကိုဇင်ယော်နဲ့ တပ်ရင်း(၈၀၅)တပ်ရင်းမှူး ကိုတရုတ်ကြီးတို့က ပြောပါတယ်။
ကမ်ပိန်းကာလကို ဇန်နဝါရီလ ၄ ရက်နေ့မှ ဖေဖော်ဝါရီ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်ကူညီလိုသူတွေအနေနဲ့ ကမ်ပိန်းရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ ST-UG & B-805 ကို ဆက်သွယ်ပြီး ကူညီနိုင်ပါတယ်။
အဆိုပါ တပ်ရင်း ၂ ရင်းရဲ့ ကမ်ပိန်းကို ကူညီဖို့ ကိုမြင့်သန်းထွန်း၊ ကိုနက၊ ကိုအောင်မြင့်မြတ်၊ မပိုင်ဖြိုးသု နဲ့ မသဇင်ညွန့်အောင်တို့ကလည်း ဝိုင်းဝန်းတိုက်တွန်း အားဖြည့်ပေးထားပါတယ်။