ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ လူမှုကူညီရေးဆပ်ကော်မတီက ဦးဆောင်၍ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် နေအိမ်များအတွက် ငွေကျပ် ၁၁ သိန်းကျပ် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများဆီ စတင်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူများကို လူသားတံဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခြင်း၊ ပစ်ခတ် သတ်ဖြတ်ခြင်းများ အပါအဝင် နေအိမ်အများအပြား မီးရှို့ဖျက်ဆီးလျက်ရှိသည်။