ရှမ်းမြောက်ကိုစစ်ရေးကွပ်ကဲတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးမြို့မှာ တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို စိုးရိမ်ကြတဲ့ ဒေသခံတွေ မြို့ကို စွန့်ခွာတာတွေ ရှိနေကြပါတယ်။
” လားရှိုးမြို့ခံပဲ ပြောပါတော့ လားရှိုးမှာပဲကလေးလည်းမွေးပြီး ကြီးတာ။ ခုတော့ ကလေး ၁၂ နှစ်ကျမှ စစ်ရှောင်ဖို့ဖြစ်တာပဲ။ မန္တလေးကို နယူးရီးယားပြီးတော့ ရောက်လာတာ” လို့ ဒီရက်ပိုင်းအတွင်း မန္တလေးကို စစ်ဘေးရှောင်လာတဲ့ လားရှိုးမြို့ခံတစ်ဦးကပြောပါတယ်။
လားရှိုးမြို့အနီး က မြို့တွေကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က တဆင့်ချင်း သိမ်းယူလာပြီး ဇန်နဝါရီလ ၇ ရက်မှာဆိုရင် လားရှိုးနဲ့ မိုင် ၃၀ ပဲ ဝေးတဲ့ သိန္ဒီမြို့ထိ သိမ်းထားပြီးပါပြီ။
ဒါကြောင့် ရမခ ဌာနချုပ်အခြေစိုက်ရာ လားရှိုးဆီ တိုက်ပွဲတွေကူးစက်လာမှာ ကို စိုးရိမ်ကြတဲ့မြို့ခံတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစတင်ပြီး မြို့ကိုစွန့်ခွာနေကြတာပါ။
လားရှိုးမြို့ကိုစွန့်ခွာကြသူတွေဟာ ပြင်ဦးလွင်၊ မန္တလေးနဲ့ ရန်ကုန်မြို့ကြီးတွေက ဆွေမျိုးသားချင်းတွေ ရှိရာဆီ တိမ်းရှောင်သွားကြတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“လားရှိုးကနေ မန္တလေးအဆင်းက ခရီးသည်အပြည့်ရတယ်၊ ရှောင်ကြတဲ့သဘောဖြစ်မယ်” လို့ မန္တလေး -လားရှိုး အဌားယာဉ်မောင်းတစ်ဦးကပြောပါတယ်။
ငွေကြေးတတ်နိုင်သူတွေ၊ အခြားမြို့တွေမှာ ဆွေမျိုးသားချင်းရှိသူတွေ မြို့ကနေ စွန့်ခွာကြပေမယ့် မစွန့်ခွာဘဲ မြို့မှာပဲ ဆက်လက်နေထိုင်ကြသူတွေလည်းရှိတယ်လို့သိရပါတယ်။ ကြပါတယ်။
မြောက်ပိုင်းအခြေစိုက် မဟာမိတ်ညီနောင်သုံးဖွဲ့ကတော့ လားရှိုးကို ဆက်တိုက်၊ မတိုက် ထုတ်ပြန် အသိပေးတာမျိုးမရှိသေးပါဘူး။