ပလက်ဝဟိ စစ်ကောင်စီတပ်၏ ခမရ (၃၀၈) တပ်ရင်းကို ကုန်ခရေ ဂျန်နဝါရီ ၆ ရက်နိကပင် အပြီးပြတ်သိမ်းပိုက်ထားပြီးဖြစ်တေလို့ ရက္ခိုင့်တပ်တော်(AA)က ဂျန်နဝါရီ ၉ ရက်နိမာ သတင်းထုတ်ပြန်ပါရေ။
ရက္ခိုင့်တပ်တော်၏ စစ်သတင်း ထုတ်ပြန်ချက်အတွင်း “ပလက်ဝမြို့အနားဟိ စစ်ကောင်စီတပ်၏ စကခ (၁၉) လက်အောက်ခံ ခမရ (၃၀၈) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဂျန်နဝါရီ (၆)ရက်နိ၊မိုးထ(၇) နာရီကပင် ရက္ခိုင့်တပ်တော်ကအပြီးသတ်သိမ်းပိုက်လိုက်ကြောင်း” ဓာတ်ပုံမှတ်တမ်းတိနန့်တကွ ဖော်ပြထားပါရေ။
“ရက္ခိုင့်တပ်တော်စွာ ပလက်ဝဒေသတခုလုံးကိုစစ်ကောင် စီကင်းစင် နယ်မြီဖြစ်လာဖို့ ပလက်ဝမြို့ပတ်ဝန်းကျင်မာ ကျန်နီသိမ့်ရေ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းတိကို ဆက်လက်ခြီမှုန်းတိုက်ခိုက်နီရေအတွက် ပလက်ဝမြို့နားမာ တိုက်ပွဲတိ ဆက်လက်ပြင်းထန်နီရေ”လို့ ရက္ခိုင့်တပ်တော်က ဆိုပါရေ။
ဂျန်နဝါရီ ၉ ရက်နိ၊ တရက်လုံး ပလက်ဝမြို့နားမာ ရက္ခိုင့် တပ်တော်နန့်စစ်ကောင်စီတပ်အကြားတိုက်ပွဲတိ ပြင်းထန်
နီပြီးကေ ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအများ အပြားနန့် လက်နက်ခဲယမ်းအမြောက်အမြားကို ထပ်မံသိမ်းဆည်းရမိခရေလို့လည်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်က ဖော်ပြပါရေ။
ယင်းပြင် ပလက်ဝနန့်ကျောက်တော်အစပ်ဟိစစ်ကောင်စီ ၏ မီးဝဗျူဟာကိုလည်း အပြီးသတ် သိမ်းပိုက်ဖို့အတွက် ရက္ခိုင့်တပ်တော်က တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက် ခိုက်နီရေလို့ ဆိုပါရေ။
ပလက်ဝဒေသအတွင်း စစ်ရီးအရ အထိနာနီရေ အကြမ်း ဖက်စစ်ကောင်စီတပ်စွာ စစ်ရီးနန့် မသက်ဆိုင်ရေ ပြည် သူလူထုကိုအငြိုးအတေးထားပနာ ပလက်ဝမြို့နန့်အနားတဝိုက်သို့ ဂျက်ဖိုက်တာနန့် လာရောက်ဗုံးကြဲတိုက်ခိုက်ခကြောင်း၊ ယင်းပိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးဝရွာက ဒေသခံ သက်ကြီးပိုင်း အမျိုးသမီးတယောက် သီဆုံးခရပြီးကေ အိမ်တဆောင် မီးလောင်ပျက်စီး လားခကြောင်း လည်း သိဟိရပါရေ။