အကြမ်းဖက်မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်ကို အနားပေးပြီး စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဗိုလ်ချုပ်ကြီး မိုးအောင်ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ်မှ အနားပေး လိုက် သော်လည်း အမျိုးသား လုံခြုံရေး အကြံပေးအဖြစ် ပြောင်းလဲ ခန့်အပ် ကြောင်း သိရှိရသည်။
“ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ကို မနှစ်ကလည်း ရာထူးကနေ လဲ တယ်ဆိုပြီး သတင်းအတိအကျ ထွက်ခဲ့တာ။ အမိန့် စာ တောင် ထုတ်မယ့် အခြေ အနေကနေ ဘာကြောင့်မှန်းမသိဘူး ရပ်သွားခဲ့တယ်။ အခုတော့ တ ကယ် အနားပေးပြီ။ အမျိုးသားလုံခြုံရေး အကြံပေး ရာထူးမှာ ဆက်ထား ပေမယ့် အဲဒီရာထူးကတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး။ ဘေးကို ကန်ထုတ်ပစ်တာလို့ ပြောလို့ရတယ်” ဟု စစ် တပ်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။
ယမန်နှစ် ၊ ဩဂုတ်လအတွင်း စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နှင့် အပေါင်း အပါများကို ဒေါ်လာစျေးတက်စေမှု၊ လာဘ်ပေး လာဘ်ယူ မှုများဖြင့် အရေး ယူခဲ့ရာတွင် ပုဂ္ဂလိဘဏ်တချို့ကိုလည်း ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ယင်းတို့ထဲ တွင် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဆက်နွယ်နေ သော အမရာဘဏ် UAB ဘဏ်မှ ပိုင်ရှင်နှင့်တာဝန်ရှိသူတချို့ကို စစ်တပ်က ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ၊ ယင်း သတင်း ကြောင့် ဗိုလ်ချုပ်ကြီး မိုးအောင်ကို ရာထူးမှ ဖယ်ရှားဖွယ် ရှိသည် ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက် ပေါ်ခဲ့ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ကြီး မိုးအောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ လူယုံ စက်မှု ဝန်ကြီးဟောင်း အောင်သောင်း၏ သားဖြစ်ကာ စစ်တက္ကသိုလ် အပတ်စဉ် ၂၈ ကျောင်းဆင်းဖြစ်ကြောင်း၊ ၂၀၂၁ တွင် ဗိုလ်ချုပ်ကြီး မိုးအောင် သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီး မိုးအောင်တွင် နေအောင်၊ ပြည်အောင်၊ ခင်ငုရည်ဖြိုး ဆိုသော ညီအစ်ကို မောင်နှမ ၃ ဦးရှိပြီး ၎င်းတို့သည် ယူနိုက်တက် အမရာဘဏ်ခေါ် UAB ဘဏ်ကို ပိုင်ဆိုင် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက်မင်းအောင်လှိုင်က တပ်တွင်း တိုင်းမှူးနှင့် တပ်မမှူး ရာထူးတချို့ကိုလည်း အပြောင်းအလဲ ပြုလုပ်ကြောင်း သိရှိရသည်။