စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် အခြေစိုက် Homalin People’s Defense Force – HPDF 124 – တပ်ဖွဲ့ကို NUG ကာကွယ် ရေးဝန်ကြီးဌာနက ခန္တီးခရိုင် တပ်ရင်း ၃ အဖြစ်အသိအမှတ်ပြုခဲ့ကြောင်း ယင်းတပ်ရင်းထံမှ သိရ သည်။
Homalin People’s Defense Force – HPDF 124 တပ်ရင်းသည် ၂၀၂၁ ခုနှစ်၊ နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက လက်နက်စွဲကိုင်တော်လှန်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး NUG ကာကွယ် ရေးဝန်ကြီးဌာ၏ ညွှန်ကြားမှုအောက်၌ စစ်ရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ အမှတ် ၁ စစ် ဒေသ၊ ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း အဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Homalin People’s Defense Force – HPDF – 124 ခန္တီးခရိုင် အမှတ် ၃ တပ်ရင်း အနေဖြင့် သမိုင်း က ပေးသည့် စစ်အာဏာရှင် ပပျောက်ရေးတိုက်ပွဲကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း အသိပေးထားသည်။