အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သား ၉၀၀ နီးပါး သေဆုံးထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီ ၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ရရှိတဲ့ စာရင်းအရ
စစ်ကောင်စီဟာ လေကြောင်းအသုံးပြုမှု အကြိမ် ၆၀၀ နီးပါးလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦ ၇၀ ထက်မနည်းနဲ့ စာသင်ကျောင်းပေါင်း ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဘီဘီစီကနေ စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၂ ဦးသေဆုံးခဲ့ပါတယ်။