ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု ကြောင့် ကျေးရွာသား ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၆ မိနစ်အချိန် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ တိုက်လေယာဥ်ဖြင့် ဗုံးကျဲရာ ရွာသား ၁ ဦး၏ ဦးခေါင်းတွင် ဗုံးစ ထိမှန် သေဆုံး သွားကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် သုံးဆယ်ကျေးရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။