ပဲခူးတိုင်း၊ တောင်ငူမြို့ လွတ်လပ်ရေးကွင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသဖြင့် စစ်တပ်က လာရောက်စစ်ဆေးစဉ် ဗုံး ထပ်မံ ပေါက်ကွဲသောကြောင့် ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သားများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေး ရဲဘော်များက ပြောဆိုသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့၊ ည ၁၀ နာရီ ၂၆ မိနစ်အချိန် တောင်ငူမြို့ လွတ်လပ် ရေး ကွင်းတွင် လွတ်လပ် ရေး နေ့ အထိမ်းအမှတ် အာဝါဒေး လောင်းကစား ဝိုင်း များကို ရက် ထပ်တိုး၍ ကျင်းပနေစဉ် ဗုံးပေါက်ကွဲခဲ့ကြောင်း၊ လွတ်လပ် ရေး ကွင်း အရှေ့ဘက် မာစတာကဖီးဆိုင်အနီးတွင် ဗုံးသုံးလုံးပေါက်ကွဲခဲ့ပြီး စစ်တပ်က လာရောက် စစ်ဆေးစဉ် ည ၁၀ နာရီ ၅၇ မိနစ်အချိန် ထပ်မံ ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး ထိမှန်ဒဏ်ရာရပြီး ကျန်တပ်သားများလည်း ဒဏ်ရာ အပြင်း အထန် ရရှိသွားကြောင်းသိရသည်။
“တောင်ငူမြို့ လွတ်လပ်ရေးကွင်း (မိုင်ဒါကွင်း) အရှေ့ဖက်ခြမ်းမှာ ည ၁၀ နာရီ ၂၆ မိနစ်က ဗုံးကွဲတယ်။ အသံအကျယ်ကြီး တစ်မြို့လုံးတုန်ခါသွားတယ်။ လာရောက်စစ်ဆေးတဲ့ စစ်တပ် လာတဲ့အချိန် ဗုံးထပ်ကွဲတာ ဗိုလ်ကြီး ၁ ဦးနဲ့ တပ်သားတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။