TNLAက တအာင်းအမျိုးသားတော်လှန်ရေးနေ့ထိမ်းအမှတ်အဖြစ် အကျဉ်းသား ၂၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
(၆၁)နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျနေကြတဲ့ အကျဉ်းသား (၂၃၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး (၆၀)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ အကျဉ်းသူ/သား (၂၉၂)ဦးအနက် ထောင်ဒဏ် (၁)လမှ (၅) နှစ်အထိ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဥ်းသူ/သား (၂၃၂)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ထောင်ဒဏ် ၇ နှစ်မှ ၂၀ နှစ်အထိ ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသူ/သား (၆၀)ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခံစားခွင့်ပြုလိုက်တာာ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်စွဲကိုင် တော်လှန်လာခဲ့တာမှာ (၆၁)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အရင်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တဲ့အထဲမှာ တိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့တဲ့ စစ်သုံပန်းတွေပါဝင်ခဲ့ပြီး အခုတစ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်မှာ စစ်သုံပန်များမပါဝင်ဘူးလို့လည်း TNLAက အသိပေးထားပါတယ်။