ရှမ်းပြည်နယ်၊ မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာစစ်ကောင်စီက လေယာဉ် ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ နှင့် ဇန်နဝါရီလ ၁၂ ရက်နေ့တို့တွင် မိုးမိတ်မြို့ နယ် အနီးတွင် တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေကြောင်း ၊ စစ်ကောင်စီတပ်များက ယနေ့ နံနက်ပိုင်းတွင် မိုးမိတ်မြို့နယ်၊ ကင်းချောင်းကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ ကြောင်း သိရှိရသည်။
“ကင်းချောင်းရွာသူရွာသားတွေတော့ အကုန်ပြေးနေရတယ်။ မိုးမိတ်မြို့နယ် ကင်းချောင်းကျေးရွာ လေယာဥ်နဲ့ပါပစ်နေတာ။ တိုက်ပွဲကတော့ တောက် လျှောက် ဖြစ်နေတယ်။ ရက်အတော်ကြာပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် နမ့်ဆန်မြို့ နယ်၊ ကွယ်ကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် လာ ရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
နမ့်ဆန်မြိုု့နယ်၊ ကွမ်ဟယ်ကျေးရွာတွင် စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတရာမရှိဘဲ အရပ်သား ပြည်သူလူထုကို ဦးတည်ကာ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ၅ ကြိမ်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုကဲ့သို့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ကွမ်ဟယ်ကျေးရွာရှိ ပါရမီ လက် ဖက် စက်ရုံအား ထိမှန် ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင်လည်း နမ္မတူမြို့နယ်၊ မန်လီကျေးရွာကိုလည်း ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းနှင့် နေအိမ်(၃)လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်က မြို့များလက်လွှတ်ခဲ့ရပြီးနောက် ရှုးမဲမဲကာ စစ်ရေးလှုပ် ရှားမှု၊ တိုက်ပွဲဖြစ်ပွားမှု တစ်စုံတရာမရှိသော ပြည်သူများနေထိုင်ရာ ဒေသများ ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရာဇ၀တ်မှု ကို ပြောင်ပြောင် တင်းတင်း ကျူးလွန်နေကြောင်း TNLA က သတင်းထုတ် ပြန်သည်။