ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-နမ္မတူလမ်း နားကွမ်းရွာတံတား မိုင်းဆွဲခံရ ပြီး ပြိုကျသွားကာ ယင်းတံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီးဟု ဒေသပြည်သူ တချို့က ပြောဆိုကြသည်။
ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်း ယင်းတံတား မိုင်းဆွဲခံရ၍ ကျိုးကျသွားခြင်းဖြစ် ပြီး အဓိကအားဖြင့် ယင်းလမ်းကို စစ်ဘေးရှောင်များက အသုံးပြုကြကြောင်း သိရှိရသည်။
“ဒီလမ်းက စစ်ဘေးရှောင်တွေ ပြေးတဲ့နေရာမှာ သုံးကြတယ်။ လားရှိုးကို အဓိကပေါက်တယ်။ အခုကြားတာက လားရှိုးကို ကိုးကန့်နဲ့ တအာင်း တပ်တွေ တက်လာမှာစိုးလို့ ချိုးတယ်လို့ ပြောကြတယ်။ အဲဒီနားမှာ စစ်ကြောင်းဖြတ် တာတွေ ကင်းပုန်းဝပ်တာ လှည့်တာတွေ ရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော လားရှိုးမြို့ကို တိုင်းရင်းသားတပ်များနှင့် တော်လှန်ရေးတပ်များ က တိုက်ခိုက်မည်ဆိုသော သတင်းများထွက်ပေါ်နေပြီး လားရှိုးမြို့မှ ပြည်သူ တချို့ မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။